ကောင်းသစ်ဆေးရုံကြီးသည် ဇ-၁၅၊၁၆ ၊ ဇီဝကဆေးဆိုင်ခန်း၊ သပြေကုန်းဈေးရှေ့ ၊ ကျောက်မျက်ဥယျာဉ်ထောင့်တွင် တည်ရှိပါသည်။ နေပြည်တော်ရှိ ၀န်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဆင်ရဲချို့တဲ့သူများ အတွက် (၂၄) နာရီပတ်လုံး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု များ ပေးခဲ့ပါသည်။ နေပြည်တော်နေ မိဘပြည်သူများ၏ ကျန်းမာရေးအတွက် (၂၄) နာရီပတ်လုံး ပြင်ပ လူနာဌာနဖွင့်လှစ်ပြီး အရေးပေါ်လူနာများအတွက် အခက်အခဲမရှိရလေအောင် ၀န်ဆောင်မှုပေးနေ ပါသည်။ ခေတ်မီ စက်ကိရိယာများ၊ အဆင့်မြင့် လေးဘက်မြင် ရုပ်လုံးကြွ အာထရာဆောင်းစက်၊ အီးစီဂျီစက်၊ ဓါတ်မှန်စက်၊ ဓါတ်ခွဲစမ်းသပ်ခန်းများ၊ (၂၄) နာရီပါတ်လုံး ၀ယ်ယူနိုင်သည့် ဆေးအရောင်းဌာန၊ သန့်ရှင်းသပ်ယပ်၊ ဈေးနှုန်းချိုသာသော အတွင်းလူနာခန်းများ၊ (၂၄) နာရီ ခွဲစိတ်ခန်းများနှင့် ကျန်းမာရေး အတွက် အခက်မတွေ့ရလေအောင် ၀န်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ဆေးရုံသို့ လာရောက်ပြသရန် အခက်အခဲရှိသော မိဘပြည်သူများအတွက်လည်း အိမ်တိုင်ရာရောက် စမ်းသပ်ကုသပေးလျက်ရှိပါသည်။